YSEALI Academic Fellowship

ဝိုင်းဆီးလီအသင်းဝင်တွေအတွက် ၂၀၂၃ ဆောင်းဦးပေါက်ရာသီပညာတော်သင်အဖွဲ့သားလျှောက်လွှာတွေကို လက်ခံနေပါပြီနော်။

YSEALI Academic Fellowship ပညာသင်ဆုဆိုတာ ပညာရပ်ဆိုင်ရာရေတိုအထူးအစီအစဉ်ဖြစ်ပြီး အရှေ့တောင်အာရှအတွင်းကလူငယ်ခေါင်းဆောင်အဖွဲ့တွေကို သူတို့ရဲ့ခေါင်းဆောင်မှုစွမ်းရည်တွေမြှင့်တင်ရင်း တစ်ချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုအကြောင်းနဲ့ ပညာရပ်တစ်ခုခုအကြောင်းထဲထဲဝင်ဝင်သိရှိစေဖို့ ပံ့ပိုးပေးတဲ့ ပညာတော်သင်အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ပညာသင်ဆုလျှောက်မယ့်သူတွေက လျှောက်လွှာ၊ cover letter နဲ့ ထောက်ခံစာ ၂စောင်ကို Google form ( https://tinyurl.com/YSEALI2023AF ) က တဆင့် တင်ပေးရမှာ ဖြစ်ပြီး လျှောက်လွှာပိတ်ရက်ကတော့ ၂၀၂၃ ဧပြီ ၂၈ ဖြစ်ပါတယ်။

ဒီပညာသင်ဆုအကြောင်း အသေးစိတ်သိချင်တယ်ဆိုရင်တော့ အမေရိကန်စင်တာ ရန်ကုန်မှာ ပြုလုပ်မယ့် သတင်းအချက်အလက်မျှဝေပေးတဲ့အစီအစဉ်ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ပညာတော်သင်အစီအစဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မျှဝေသွားမှာဖြစ်ပြီး ပညာတော်သင်ဟောင်းတွေကလည်း သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးကြပါလိမ့်မယ်။

နေ့ရက် ။ ။ ၂၀၂၃ မတ် ၂၅ (စနေ)

အချိန် ။ ။ ၂:၀၀ – ၃:၃၀ (မွန်းလွဲ)

စာရင်းပေးရန်။ ။ https://tinyurl.com/AF2023infosession

ကျေးဇူးပြုပြီး အမေရိကန်စင်တာထဲဝင်ဖို့အတွက် ဓာတ်ပုံပါတဲ့ကတ်ပြားတစ်ခုခု ယူလာဖို့သတိပေးပါရစေ။ စမတ်ဖုန်းနဲ့တက်ပ်လက်တွေ ယူဆောင်လာလို့ရပါတယ်။ ဒါပေမဲ့ လက်ပ်တော့ကွန်ပျူတာတို့၊ ကင်မရာတို့၊ သတ္ထုနဲ့လုပ်ထားတဲ့ ထည့်စရာနဲ့ အခြားပစ္စည်းကိရိယာတွေကိုတော့ ယူဆောင်လာခွင့်မပြုပါဘူး။ ဧည့်သည်စောင့်တဲ့နေရာကလွဲရင် အမေရိကန်စင်တာထဲမှာ ဓါတ်ပုံရိုက်ကူးခြင်းကို တားမြစ်ထားပါတယ်။

The U.S. Embassy is now accepting applications for the Young Southeast Asian Leaders Initiative (YSEALI) Fall 2023 cohort.

The YSEALI Academic Fellowship is an intensive short-term academic program with a thematic focus that provides groups of young leaders with a deeper understanding of the United States and enhances leadership skills. Applicants must submit the application, cover letter and two recommendation letters via Google form at this link: https://tinyurl.com/YSEALI2023AF. The deadline for applications is April 28, 2023.

Interested in learning more? Join our YSEALI information session at American Center Yangon! We will discuss the program in detail and program returnees will share their experiences.

Date: March 25, 2023 (Saturday)

Time: 2:00 – 3:30 P.M.

Register here: https://tinyurl.com/AF2023infosession

Please remember to bring your photo ID for entrance to American Center Yangon. Smart phones and tablets are allowed, but you may not bring in laptops, cameras, metal containers, or other equipment. Photography is prohibited inside ACY compound except the lobby area.

  • Share this post

Leave a Comment