Visiting Fellowship
ကဲ အခုတခါမှာတော့ the London School of Economics and Political Science မှ the South Asia Centreကနေ the Charles Wallace Burma Trust နဲ့ ပူပေါင်းပြီး fellowship ခေါ်ယူမဲ့ အစီအစဉ်ပါ။
The Charles Wallace Burma Trust ဆိုတဲ့အဖွဲ့အစည်းကတော့ ၁၉၈၁ မှာ တည်ထောင်ခဲ့တဲ့ United Kingdom Charity အဖွဲ့တစ်ဖွဲ့ပါ။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာလူမျိုးများ ကို ပညာရေးနှင့် professional development များရရှိရေးအတွက်ဖြစ်ပါတယ်။
အခုသူတို့ ပေးအပ်ချီးမြင့်မယ့် program မှာ ဆိုရင် short-term research ပုံစံမျိုးဖြစ်ပြီး the London School of Economics & Political Science ကျောင်းမှာ ၁၂ ပတ်အထိ လေ့လာခွင့်ရမှာဖြစ်ပါတယ်။
Amount of sponsorship
a monthly stipend of £1,500
a contribution of £1,300 towards other costs (including visa fee and air fare)
လျှောက်ထားလို့ရတဲ့ဘာသာရပ်တွေကတော့……
any subject in the social sciences (Arts & Humanities)
London School ကနေပေးတဲ့ ဘာသာရပ်များကို အောက်ပါ Link ကနေ အသေးစိတ်ဝင်ရောက်လေ့လာနိုင်ပါတယ်။
Link- https://info.lse.ac.uk/Staff/Departments-and-Institutes
Eligibility
လျှောက်ထားလို့ရတဲ့ သူတွေကတော့……
မြန်မာနိုင်ငံသား ဖြစ်ရမယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ပုံမှန်နေထိုင်တဲ့ သူ ဖြစ်ရမယ်။
(အကယ်၍ မြန်မာနိုင်ငံမှာ မဟုတ်ဘဲ ပြည်ပ မှာ နိုင်ငံရေးအခြေအနေ သို့မဟုတ် အကြောင်းတစ်မျိုးမျိုးကြောင့် ရောက်နေတဲ့သူများလည်း လျှောက်လို့ရပါတယ်။)
Valid ဖြစ်တဲ့ passport နဲ့ ခရီးသွားမှတ်တမ်းတွေရှိရပါမယ်။
ကမ္ဘာ့ နိုင်ငံအသီးသီးမှ နိုင်ငံတကာ အသိအမှတ်ပြုတက္ကသိုလ်မှ Bachelor degree တစ်ခု ရှိရပါမယ်။
အသက် ၃၀ ကနေ ၅၀ အတွင်းဖြစ်ရပါမယ်။
လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့…..
သုတေသန proposal တစ်ခု။
(London Fellowship ကာလအတွင်း ဆောင်ရွက်မည့် သုတေသနကို အကျဉ်းချုပ်။ဖော်ပြထားသော အဆိုပြုချက်။)
အပြည့်အစုံဖြည့်ထားတဲ့ Application form။
Update ပြုလုပ်ထားတဲ့ CV Form။
ကိုယ်ရဲ့ English language proficiency ကိုပြတဲ့ PDFတစ်ခု။
Valid ဖြစ်တဲ့ passportနဲ့ ခရီးသွားစာရွက်စာတမ်း မိတ္တူ။
လျှောက်ထားသူသည် ပြည်ပရောက်နေရင် မြန်မာနိုင်ငံမှာ နေထိုင်တဲ့ နေရိပ်လိပ်စာအထောက်အထား။
လျှောက်ထားသူအားလုံးထဲမှ သတ်မှတ်ချက်နဲ့ ကိုက်ညီပြီး deadline မကျော်ဘဲ form တင်တဲ့သူကို ရွေးချယ် သွားမှာဖြစ်လို့ အချက်အလတ်တွေ သေချာကြည့်ပြီး deadline မကျော်ခင် လျှောက်ကြပါလို့ အကြံပေးပါတယ်နော်။
Application Deadline – 30 June 2023
Application Form – https://www.lse.ac.uk/south-asia-centre/assets/documents/Charles-Wallace-Applications/V2-Charles-Wallace-Trust-Application-Burma-1.pdf
Application Form ဖြည့်ပြီးရင် လိုအပ်တဲ့ documents တွေနဲ့ အောက်မှာပေးထားတဲ့ email ကို ပို့ပေးရမယ်နော်။
Email for applying – southasiacentre@lse.ac.uk
အသေးစိတ်မေးမြန်ချင်တာများရှိလျှင်
http://www.lse.ac.uk/south-asia-centre သော်လည်ကောင်း
http://www.wallace-trusts.org.uk/cwt_burma.html တို့ကို mail ပို့ပြီး မေးမြန်လို.ရပါတယ်။