🔰 KAUST ( ခေါ် ) King Abdullah University of Science and Technology ကတော့ Saudi Arabia မှာ တည်ရှိတဲ့ ပုဂ္ဂလိက၊ နိုင်ငံတကာ၊ ဘွဲ့လွန်အဆင့် သုတေသန တက္ကသိုလ်ဖြစ်ပါတယ် ။ ဆော်ဒီအာရေးဗီးယားနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဆန်းသစ်တီထွင်မှုတွေ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးသာယာဝပြောရေး စတာတွေ အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် Intership အစီအစဉ် ပြုလုပ်တာပဲ ဖြစ်ပါတယ် ။
🔰 နှစ်စဉ်နှစ်တိုင်း ပဲ KAUST Internship အနေနဲ့ ပရောဂျက် ပေါင်း ၁၅၀ ကျော် အတွက် နိုင်ငံတကာ ကျောင်းသား ပေါင်း 130 ကို ကမ်းလှမ်းလေ့ရှိပါတယ် ။ အဆိုပါ Internship ရဲ့ ကြာချိန် ကတော့ 3 လမှ 6 လထိ ဖြစ်ပါတယ်။ KAUST Visiting Student Research Program Internship ကတော့ ပါမောက္ခများနှင့်အတူ သုတေသနပြုလုပ်ရန် အရည်အချင်းပြည့်မီ တဲ့ နိုင်ငံတကာ 3rd baccalaureate နှင့် အထက် / Master ကျောင်းသားများအတွက် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ် ။
🔰 KAUST Internship ရဲ့ အားသာချက်များ 🔰
▪️လစဉ် စတိုင်ပင် USD 1000
▪️ကိုယ်ပိုင် အိမ်သာအပါအခန်း
▪️Visa And Airfare Fees.
▪️Health Insurance.
▪️Social And Cultural Activities.
▪️Access to Core laboratories and major research and community facilities.
🔰 KAUST Internshipလျှောက်ထားရန် လိုအပ်ချက်များ 🔰
▪️Language ပိုင်း မှာတော့ English စာ (အထူး သဖြင့် Writing ပိုင်း )ကို အလွန် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားရန် လိုပြီး minimum TOEFL score – IBT 79 (Internet Based Test) ဒါမှမဟုတ် IELTS 6.0 (International English Language Testing System) ရှိထားရပါမယ် ။
▪️မည်သည့်နိုင်ငံကမဆိုလျှောက်ထားလို့ရပါတယ် ။
▪️3rd Year နဲ့ above Baccalaureate ဒါမှမဟုတ် Masters Students များ ။
▪️ GPA 3.5/4 ဒါမှမဟုတ် 14/20 (ECTS B)။
❌ လက်ရှိ PhD candidates များ / KAUST students များ / KAUST alumni တွေကတော့ လျောက်ထားလို့ မရနိုင်ပါ ။
❌ 🔰KAUST Internship ဘယ်လိုလျှောက်ရမလဲ ?
✅ ဒီစာရွက်စာတမ်းတွေ ရှိထားအောင်စုထားပါ ။
▪️Official Transcript(s) in English from current and previous institutions.
▪️Letter of Recommendation.
▪️Valid Passport.
▪️Statement of purpose.
▪️Curriculum Vitae (CV)
✅Internship Program ကို ဒီမှာ ရွေးချယ် ရပါမယ် 👉🏻 https://vsrp.kaust.edu.sa/internship/search