အီတလီမြေမှာ စကော်လာရှစ်နဲ့ ကျောင်းတက်နိုင်မဲ့အခွင့်အရေး 🇮🇹 scholarship တွေက တခါလာလည်း ထိုင်း, တရုတ် နှစ်ခါလာလည်း US,UK ဖြစ်နေလို့ ပျင်းနေကြပြီလား😞။ ကဲ ဒီနေ့မှာတော့ ထူးထူးခြားခြားလေး ဖြစ်သွားအောင်လို့ EU နိုင်ငံထဲက တစ်နိုင်ငံဖြစ်တဲ့ Italy နိုင်ငံရဲ့ Università degli Studi di Padova ကနေ မြန်မာနိုင်ငံသားတွေအတွက် သီးသန့်ခေါ်ယူနေတဲ့ scholarship လေးအကြောင်းကို sharing လုပ်ပေးချင်ပါတယ်။💁 အားလုံးလည်း သိကြတဲ့အတိုင်း Italy နိုင်ငံဟာဆိုရင် one of the most beautiful countries လို့တင်စားခံရတဲ့အပြင် အနုပညာ၊ ပန်းချီ၊ ယဥ◌်ကျေးမှု စတာတွေနဲ့ ကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံလို့ပြောလို့ရပါတယ်။ လူနေမှုအဆင့်အတန်းလည်း မြင့်မားရုံတင်မကဘဲ ပညာရေးဘက်မှာလည်း world top ranking university များစွာရှိလို့ study abroad အတွက် ရွေးချယ်သင့်တဲ့ နိုင်ငံလို့ပြောရင်လည်း မမှားပါဘူးနော်။ ကဲ ဒီလိုမျိုး အဘက်ဘက်ကနေ ကောင်းမွန်လှတဲ့ Italy နိုင်ငံမှာ scholarship နဲ့ ကျောင်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် post ကို အဆုံးထိ ဖတ်လိုက်တော့နော်။ 👇 🔰Study Level Bachelor, Master 🔰Amount of Scholarship & Duration 1 year fee-waiver + € 8,000 scholarship (gross amount) 🔰Number of Provided Scholarship 2 🔰Eligibility Criteria ✨မြန်မာနိုင်ငံသားဖြစ်ရပါမယ် ✨Non italian upper secondary school certificate (for bachelor) ဒါမှမဟုတ် non-Italian’s degree (for master) ကို ကိုင်ဆောင်ထားရပါမယ် ✨English taught program တွေကို လျောက်ထားနိုင်မှာဖြစ်ပြီး up to 3 programs အထိ လျောက်ထားနိုင်ပါတယ် 🔰Revocation Process scholarship holder တွေအနေနဲ့ အနည်းဆုံး 20 ECTS credits (by 30 November 2024) နဲ့ အခြားသော university ကို transfer လုပ်တာ ဒါမှမဟုတ် withdraw လုပ်ခဲ့တယ်ဆိုရင် ရရှိထားတဲ့ scholarship ကို revocate လုပ်မှာဖြစ်ပါတယ်။ 🚨A quick disclaimer ဒီ scholarship ဟာဆိုရင် bachelor, master degree ကို 1 နှစ်စာပဲ funding ပေးတာဖြစ်တာမို့ ကျန်ရှိတဲ့ နှစ်တွေအတွက် funding ကို ရရှိမှာ မဟုတ်ပါဘူး။ လျောက်မဲ့ program အလိုက် application period, deadline တွေကွာတာမို့ အောက်မှာ ချပေးထားတဲ့ link မှာ ဝင်ဖတ်လို့ရပါတယ်။💯 🎏Contact Information: unipd.rescuefund@unipd.it 🎏For more information (Deadline, Application Period) https://www.unipd.it/en/sites/en.unipd.it/files/Selection%20notice%20to%20award%20scholarships%20for%20international%20students%20from%20Myanmar%202023-24.pdf