ASEAN Scholarships for Myanmar

🇸🇬

စင်ကာပူပညာရေးဝန်ကြီးဌာန MOE က မြန်မာကျောင်းသားများအတွက် ပညာသင်ဆု (ASEAN Scholarships for Myanmar) ကို ယနေ့မှစတင်ခေါ်ယူပါပြီ။

✔️

၂၀၂၃ ခုနှစ် မတ်လ (၃) ရက်နေ့မှ ဧပြီလ (၂၆) ရက်နေ့အတွင်း လျှောက်ထားလို့ရပါတယ်။

✔️

နှစ်စဉ်ခေါ်ယူလေ့ရှိပါတယ်။

✔️

အောက်မှာကျနော်ပေးထားတဲ့လင့်ကနေ “APPLY NOW” ကိုနှိပ်ပြီး Online တိုက်ရိုက်လျှောက်ထားလို့ရပါတယ်။

✔️

မည်သည့်ပွဲစားမှမလိုသလို၊ ပွဲစားဝင်ပါလို့မရပါ။

✔️

စင်ကာပူ MOE မှ ရွေးချယ်သူများကို (၁) ပတ်ကြိုအကြောင်းကြားမှာဖြစ်ပြီး ဇူလိုင်လမှာ ရန်ကုန်မှာစာမေးပွဲဖြေရပါမယ်။
(MOE မှ ရွေးချယ်သူများကိုသာ အကြောင်းကြားပေးမှာဖြစ်ပါတယ်။)

✔️

စာမေးပွဲအောင်မြင်သူများကို (၁) ပတ်ကြိုအကြောင်းကြားမှာဖြစ်ပြီး စက်တင်ဘာလမှာ ရန်ကုန်မှာလူတွေ့ အင်တာဗျူးဖြေရမှာဖြစ်ပါတယ်။

✔️

အင်တာဗျူးအောင်မြင်သူများဟာ ၂၀၂၃ နိုဝင်ဘာလမှာ စင်ကာပူမှာလာရောက်ကျောင်းတက်ရမှာ ဖြစ်ပါတယ်။
#ဘာတွေလိုအပ်သလဲ

❓
✔️

၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်အတွင်း မွေးဖွားသူဖြစ်ရပါမယ်။

✔️

အင်္ဂလိပ်ဘာသာကျွမ်းကျင်သူဖြစ်ရပါမယ်။

✔️

ကျောင်းစာမေးပွဲတွေမှာ အမှတ်ကောင်းခဲ့သူဖြစ်ရပါမယ်။

✔️

အနည်းဆုံး Grade 9 ပြီးထားသူဖြစ်ရပါမယ်။ (ဒီအချက်ဟာ ဒီနိုင်ငံရေးနဲ့မြန်မာနိုင်ငံက ကလေးတွေ ခက်ခဲနိုင်ပါတယ်)

✔️

ကျောင်းစာအပြင် အပြင်လှုပ်ရှားမှု co-curricular activities တွေမှာ မှတ်တမ်းကောင်းတွေ ရရှိထားသူဖြစ်ရပါမယ်။

👩‍💻

#ဘယ်လင့်မှာဝင်လျှောက်ရမလဲ

❓
✔️

အပေါ်ကအချက်တွေ ပြည့်စုံမှ အောက်ပါလင့်မှာ တိုက်ရိုက်လျှောက်ထားပါ။
https://www.moe.gov.sg/financial-matters/awards-scholarships/asean-scholarships/myanmar

🏆

#ဘာတွေပေးမလဲ

❓
✅

နှစ်စဉ်ထောက်ပံ့ကြေးနဲ့ အဆောင်ငှားခပေးပါမယ်။

✅

စင်ကာပူမှာအခြေတကျဖြစ်ဖို့ ထောက်ပံ့ကြေးပေးပါမာ်။

✅

ပညာသင်ပြီးလို့ အိမ်ပြန်န်တဲ့အခါလေယာဉ်လက်မှတ်ဖိုးပေးပါမယ်။

✅

ကျောင်းလခထောက်ပံ့ပေးပါမယ်။

✅

GCE-O level နဲ့ A-Level စာမေးပွဲကြေးတွေပေးပါမယ်။

✅

မတော်တဆဆေးရုံတက်ရမှုအတွက် ကျန်းမာရေးအာမခံကြေးတွေပေးပါမယ်။

🏅

#ဒါမျိုးအောင်မြင်ဖူးသူရှိလား

❓

ကျနော့်အမျိုးထဲကတူမလေးတစ်ယောက် မနှစ်က စင်ကာပူနိုင်ငံသားပြောင်းလို့ ကျနော့်ကို လိုအပ်တာ လာမေးပါတယ်။
အဲ့ဒီတူမလေးဟာ အခု MOE ရဲ့ စကော်လာအစီအစဉ်နဲ့ တပုံစံတည်းလာခဲ့တာပါ။
သူကစာတော်တဲ့အတွက် စင်ကာပူအမျိုးသားတတက္ကသိုလ်က ပညာသင်ဆုရပြီး သူ့ကို PR ပြောင်းခိုင်းပါတယ်။
အဲ့ဒီကနေ ကျောင်းမပြီးသေးခင်မှာပဲ စင်ကာပူနိုင်ငံသားပြောင်းဖို့ offer ပေးခံခဲ့ရတာပါ။ ဒါမျက်မြင်ကိုယ်တွေ့ပါ။
ကျနော်/ကျမတို့ရဲ့ သားသမီးတွေ အခုလိုဝင်မလျှောက်နိုင်ခဲ့လို့ရှိရင် #စိတ်မကောင်းလုံးဝမဖြစ်ပါနဲ့။
ကျနော်တို့တုန်းကလည်း ဒီ MOE စကော်လာဘာညာလုံးဝမသိခဲ့ပါ။ စင်ကာပူအစိုးရရဲ့ #တက္ကသိုလ်တိုက်ရိုက်ဝင်ခွင့်ကို ဝင်ဖြေခဲ့ပါတယ်။
ကျနော်တို့နှစ်က မြန်မာနိုင်ငံမှ (၄) ယောက်အရွေးခံခဲ့ရပါတယ်။
မိဘကဘာမှမသိခဲ့ပဲ #ကိုယ့်လမ်းကိုကိုယ်ဖောက်ခဲ့ရတာပါ။
ကျနော်တို့တုန်းကလည်း စာမေးပွဲကို Summit Parkview Hotel မှာသွားဖြေခဲ့ရတာပါ။
ကျနော်ထပ်ပြောပါမယ်။ စိတ်ဓာတ်မကျပါနဲ့။
ကလေးပညာရေးအတွက်ပြင်ဆင်ပါ။ ကျနော်တို့လည်း တတ်အားသ၍လမ်းကြောင်းတွေပြပေးနေပါတယ်။
#အောင်မြင်မှုမုခ်ဦးဆီသွားတဲ့လမ်းဟာ တစ်လမ်းတည်းမဟုတ်ပါဘူး။
ဒီလမ်းအပြင် အခြားလမ်းတွေပါထပ်ပြီး တတ်နိုင်သလောက်ပြပေးပါမယ်။
#ဘာတွေပြင်ဆင်ထားရမလဲ

❓
✔️

ကလေးတွေကို English နဲ့ Maths (အင်္ဂလိပ်စာ နဲ့ သင်္ချာ) အဓိကလေ့ကျင့်ပေးပါ။

✔️

ကလေးတွေပညာရေး၊ မိမိတို့ဘဝတိုးတက်ရေးကို စိတ်ဝင်စားပါ။
အခုအချိန်ဟာ မြန်မာပြည်အတွက် ပညာရေးကပ်အကြီးကြီးသင့်နေချိန်ပါ။

✔️

ကျနော်တို့တုန်းက ကိုယ့်လမ်းကိုကိုယ် လမ်းထွင်ပြီးရှာခဲ့ရတာပါ။ ယနေ့ခေတ်မှာ မိဘတွေက မိမိတို့အတွက်အကျိုးရှိမယ့် သတင်းအချက်အလက်တွေကို အွန်လိုင်းကနေ ရယူဖမ်းဆုပ်ပြီး လိုက်လုပ်ရုံပါပဲ။
တကယ်တမ်းပြောရင် တိုင်းပြည်နွံနစ်နေတာလည်းမပြောနဲ့ အောင်မြင်ရေးလမ်းစအကြောင်းရေးရင် Like ပေးသူ၊ Share ပေးသူ နည်းပါတယ်။
ဘာမှမဟုတ်တဲ့ – မင်းကိုငါသတိရတယ်ဆိုတဲ့ စာတိုမျိုးကို Like ပေးသူ Share ပေးသူပေါပါတယ်။
ဒါအမှန်တရားပါပဲ။
ညီလေးတစ်ယောက် တိုးတက်ရေးစာတွေရေးတယ်။ Like က (၅၀၀) မပြည့်ဘူး။
ကိုယ်နဲ့ကိုယ့်သားသမီးတွေ အနာဂတ်အတွက် ဘာမှကောင်းကျိုးမပြုတဲ့ အမေရိကားကမော်ဒယ်ဟောင်းရဲ့ post တွေအောက်မှာ Like က 47K, 50K တွေရတယ်။
ဒီမော်ဒယ်ဟောင်းဟာ ခင်ဗျားတို့ဘအနာဂတ်အတွက်စဉ်းစားမပေးပါဘူး။ ခင်ဗျားတို့တိုးတက်ရေးအတွက် ဘာမှလုပ်မပေးပါဘူး။
လူတွေဟာ ကိုယ့်အနာဂတ်အတွက်ကိုမှ ကိုယ်စိတ်မဝင်စားရင် တောက်ပတဲ့အနာဂတ်ဟာ အလှမ်းဝေးနေအုန်းမှာပါ။
အားလုံးသိအောင်ကြုံလို့ တခါတည်းထည့်ပြောပြတာဖြစ်ပါတယ်။
အကျိုးရှိတဲ့စာပေတွေ၊ အကျိုးရှိတဲ့လမ်းညွှန်မှုတွေ များများရချင်ရင် အဲ့ဒီလိုစာတွေရေးနေသူတွေ၊ လမ်းပြပေးနေသူတွေကို အားပေးပါ။ လူများများသိအောင် Share ပေးပါ။
ဘဝဟာ စိတ်ဓာတ်ကျစရာမဟုတ်ပါ။ ကိုယ့်အတွက် ကိုယ်မလုပ်သေးလို့ကိုယ်မရသေးတာနဲ့ လမ်းမမှန်သေးလို့ မအောင်မြင်သေးတာပါ။
တိုင်းပြည်အတွက် အကျိုးမရှိမယ့်၊ တိုင်းပြည်ကိုအကျိုးမပြုသူတွေရဲ့ မဟုတ်ကဟုတ်က ယောင်တာတွေအောက်မှာ ကိုယ်ပါဝင်ယောင်တာတွေကို ရပ်ပါ။
Richard MyoThant

  • Share this post

Leave a Comment