KAUST Internship အတွက် လျှောက်လွှာတွေ လက်ခံ နေပြီ။

🔰 KAUST ( ခေါ် ) King Abdullah University of Science and Technology ကတော့ Saudi Arabia မှာ တည်ရှိတဲ့ ပုဂ္ဂလိက၊ နိုင်ငံတကာ၊ ဘွဲ့လွန်အဆင့် သုတေသန တက္ကသိုလ်ဖြစ်ပါတယ် ။ ဆော်ဒီအာရေးဗီးယားနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဆန်းသစ်တီထွင်မှုတွေ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးသာယာဝပြောရေး စတာတွေ အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် Intership အစီအစဉ် ပြုလုပ်တာပဲ ဖြစ်ပါတယ် ။

🔰 နှစ်စဉ်နှစ်တိုင်း ပဲ KAUST Internship အနေနဲ့ ပရောဂျက် ပေါင်း ၁၅၀ ကျော် အတွက် နိုင်ငံတကာ ကျောင်းသား ပေါင်း 130 ကို ကမ်းလှမ်းလေ့ရှိပါတယ် ။ အဆိုပါ Internship ရဲ့ ကြာချိန် ကတော့ 3 လမှ 6 လထိ ဖြစ်ပါတယ်။ KAUST Visiting Student Research Program Internship ကတော့ ပါမောက္ခများနှင့်အတူ သုတေသနပြုလုပ်ရန် အရည်အချင်းပြည့်မီ တဲ့ နိုင်ငံတကာ 3rd baccalaureate နှင့် အထက် / Master ကျောင်းသားများအတွက် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ် ။

🔰 KAUST Internship ရဲ့ အားသာချက်များ 🔰

▪️လစဉ် စတိုင်ပင် USD 1000

▪️ကိုယ်ပိုင် အိမ်သာအပါအခန်း

▪️Visa And Airfare Fees.

▪️Health Insurance.

▪️Social And Cultural Activities.

▪️Access to Core laboratories and major research and community facilities.

🔰 KAUST Internshipလျှောက်ထားရန် လိုအပ်ချက်များ 🔰

▪️Language ပိုင်း မှာတော့ English စာ (အထူး သဖြင့် Writing ပိုင်း )ကို အလွန် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားရန် လိုပြီး minimum TOEFL score – IBT 79 (Internet Based Test) ဒါမှမဟုတ် IELTS 6.0 (International English Language Testing System) ရှိထားရပါမယ် ။

▪️မည်သည့်နိုင်ငံကမဆိုလျှောက်ထားလို့ရပါတယ် ။

▪️3rd Year နဲ့ above Baccalaureate ဒါမှမဟုတ် Masters Students များ ။

▪️ GPA 3.5/4 ဒါမှမဟုတ် 14/20 (ECTS B)။

❌ လက်ရှိ PhD candidates များ / KAUST students များ / KAUST alumni တွေကတော့ လျောက်ထားလို့ မရနိုင်ပါ ။

❌ 🔰KAUST Internship ဘယ်လိုလျှောက်ရမလဲ ?

✅ ဒီစာရွက်စာတမ်းတွေ ရှိထားအောင်စုထားပါ ။

▪️Official Transcript(s) in English from current and previous institutions.

▪️Letter of Recommendation.

▪️Valid Passport.

▪️Statement of purpose.

▪️Curriculum Vitae (CV)

✅Internship Program ကို ဒီမှာ ရွေးချယ် ရပါမယ် 👉🏻 https://vsrp.kaust.edu.sa/internship/search

✅ ရွေးပြီးရင်တော့ first application ကိုကိုယ့်ရဲ့ personal data တွေ ဖြည့်ပြီး your username and password နဲ့ အကောင့် တစ်ခု ဖွင့်ရပါမယ် ။

✅ပြီးရင်တော့ Internship Program Application ပါတဲ့ Link ကို စစ်ပြီး သေချာ ဖြည့် ပါ ။ Documents တွေသေချာထည့်ပြီးရင်တော့ “Submit”. လုပ်ပေးရပါမယ် ။ ဒါဆိုရပါပြီနော် ။

🙌🏻 📣 🙋🏻‍♀️ လိုအပ်ချက် အသေးစိတ်ကိုတော့ သက်ဆိုင်ရာ Website တွေမှာ သွားရောက် စုံစမ်းဖို့အကြံပေးလိုပါတယ် ရှင့် ။ အသေးစိတ်စုံစမ်းလိုပါက 👉🏻 https://vsrp.kaust.edu.sa

  • Share this post

Leave a Comment